ကချင်ပြည်နယ်ဝန်ကြီးချုပ် ရွှေစက်ရပ်ကွက်အတွင်း ရေနှုတ်မြောင်း စနစ်တကျဖောက်လုပ်ပေးနိုင်ရေးနှင့် အမှတ် (၂) မူလွန်ကျောင်းအုတ်တံတိုင်းကာရံပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဧပြီ ၂၄           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်သို့ သွားရောက်ခဲ့ကြပြီး ရပ်ကွက်တွင်း လမ်းများအဆင့်မြင့်တင်ထားရှိမှုနှင့် လမ်းဘေးဝဲ/ယာရေနှုတ်မြောင်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရွှေစက်ရပ်ကွက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများက ရပ်ကွက်နယ်မြေ(၈)အတွင်း ကရိန်နော်သွားလမ်းမကြီးဘေး လမ်းသွယ်၌ လမ်းအဆင့်မြှင့်တင်ထားရှိမှုနှင့် လမ်းနှင့်အတူ ရေနှုတ်မြောင်းတူးဖော်ထားရှိမှုအပေါ် စနစ်တကျဆောင်ရွက်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးတွက်ချက်၍ နီးစပ်ရာဘတ်ဂျက်နှစ်တွင် ထည့်သွင်းလျာထားတင်ပြနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် အဆိုပါရပ်ကွက်အတွင်း ဆွမ်ပရာဘွမ်လမ်းမဘေးရှိ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး အဆိုပါကျောင်း ခြံဝင်းအုတ်တံတိုင်းကာရံပေးနိုင်ရေးနှင့် ယခင်ပညာသင်နှစ်အတွင်း ယာယီတိမ်းရှောင်မိသားစုများ၏ ကလေးငယ်များ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော် KBC ဖွံ့ဖြိုးရေးခြံအတွင်း ဖွင့်လှစ်ထားသော IDPs စခန်းပိတ်သိမ်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ တက်ရောက်အားပေးထောက်ပံ့

မြစ်ကြီးနား ဧပြီ ၂၄           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ပိုင် ဖွံ့ဖြိုးရေးခြံဝင်းအတွင်း နယ်မြေအခြေအနေအရ နေရပ် စွန့်ခွာပြည်သူများအား IDPs စခန်းဖွင့်လှစ်၍ ခိုလှုံနေထိုင်ခွင့်ပေးခဲ့ရာမှ စခန်းအားပိတ်သိမ်းပြီး အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြေယာအလှူရှင် ဦးတင်မြင့် ခြံဝင်းအတွင်း ပြောင်းရွေ့နေရာချထားပေးခဲ့သဖြင့် စခန်းပိတ်သိမ်းခြင်း ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲအခမ်းအနားသို့ တက်ရောက်ပါဝင်ခဲ့ကြသည်။           အဆိုပါ စခန်းပိတ်သိမ်းခြင်း ကျေးဇူးတော်ချီးမွမ်းဆု‌တောင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေဖြင့် မိသားစုများအား နှစ်ကာလအားဖြင့် ၁၅ နှစ်ခန့် စခန်းဖွင့်လှစ်၍ နေထိုင်ခွင့်ပေးခဲ့ခြင်းအပေါ် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မိသားစုများအနေဖြင့်လည်း ပြည်နယ်အစိုးရအဖွဲ့စီစဉ်သည့် မြေယာပေါ်တွင် နေထိုင်မည့်မိသားစုများနှင့် နောင်းချိန်ကျေးရွာ၊ ဆွေမျိုးနေအိမ်များတွင် ရွေ့ပြောင်းနေထိုင်ကြမည်ဖြစ်သဖြင့် အဆင်ပြေစေရေး အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပြီး ပြောင်းရွေ့နေထိုင်ကြမည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်၌ ပဉ္စမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲသို့တက်ရောက်

မြစ်ကြီးနား ဧပြီ ၂၄           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ နှစ်စဉ် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ဦးစီးကျင်းပသည့် ပဉ္စမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခေမာသီဝံကျောင်းတိုက် နာယကဆရာတော် အဘိဓဇမဟာရဋ္ဌာဂုရုဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော မထေရ်မြတ်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြသည်။           အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် စာချနာယကဆရာတော် ဦးစက္ကိန္ဒက မဟာပဋ္ဌာန်းရောင်ခြည်ဖွင့်ဂါထာဖြင့် ဘုရားပင့်ခြင်းနှင့် ပဋ္ဌာန်းဒေသနာရွတ်ဖတ် နာယူကြည်ညိုရန် နတ်ဗြဟ္မာများအား ဒေဝနိမန္တနဂါထာဖြင့် ပင့်ဖိတ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချူပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ဇနီးများ၊…

Read More

ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး နိုင်ငံတော်သမ္မတ ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်(၁၀၀)ကာလအတွင်း စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံရှင်းလင်း

မြစ်ကြီးနား ဧပြီ ၂၃           နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်ပေါင်း ၁၀၀ ကာလအတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် Quick Win  လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က ယနေ့မွန်းလွဲပိုင်းတွင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။           ထိုသို့ တွေ့ဆုံရှင်းလင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်အရ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား မြို့ပြများအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးကို အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများအနေဖြင့် မိမိတို့တာဝန်ကျရာ မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအားထည့်ပြီး တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ရက် ၁၀၀ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများ  အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစန္တောဘာသ ရန်အောင်မြင်ကျောင်းတိုက်ဆရာတော်၏ ထပ်ဆင့် ဝိသိဌရဂုဏပူဇာ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုပူဇော်

မြစ်ကြီးနား ဧပြီ ၂၃           မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ရန်အောင်မြင်(ဘုမ္မော)ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္တောဘာသ၏ ထပ်ဆင့်ဝိသိဌရဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်ရှိ ပြည့်စုံသုခဓမ္မကျောင်းဆောင်၌ ကျင်းပပြုလုပ်ရာ ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာ‌တော်သံဃာတော်များ ကြွ‌ရောက်တော်မူကြသည်။           ဆက်လက်၍ မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တစန္တောဘာသ အရှင်သူမြတ်အား အဆောင်အယောင်အခမ်းအနားဖြင့် ပင့်ဆောင်တော်မူကြပြီး  အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဆရာတော်အရှင်သူမြတ်များထံမှ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူဒါယကာ၊ ဒါယိကာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက…

Read More

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း ခြင်းနှင့် ရက် (၁၀၀)အတွင်း အကောင်အထည်ဖော်မည့် Quick Win လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၃ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက် (၁၀၀) ကာလအတွင်း Quick Win လုပ်ငန်းများအား ဝန်ကြီးဌာနအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အလေးအနက်ထား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ မဖြစ်မနေအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ရက်ပေါင်း ၁၀၀ ကာလအတွင်း Quick Win လုပ်ငန်းများကိုလည်း ဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာ ဦးစီးဌာန/ အဖွဲ့အစည်းများအား အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် မိမိတို့အားလုံးက စည်းစည်းလုံးလုံးဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။          …

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် လျှပ်စစ်မီးယာယီပြတ်တောက်နေစဉ်ကာလ အတွင်း ပြည်သူများ အခက်အခဲလျော့နည်းစေရေး ဘုန်းတော်ကြီးကျောင်းများထံ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်း

မြစ်ကြီးနား  ဧပြီ ၂၃           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းနေစဉ် ကာလအတွင်း ပြည်သူများ ရေ၊ မီး အခက်အခဲဖြစ်ပေါ်မှု လျော့နည်းသက်သာစေရေး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီများလိုအပ်ချက်များကို ဖြည့်ဆည်း‌ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများသို့ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့်အတူ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့သွားရောက်ပြီး ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကေတုမာလာအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်မီးယာယီပြတ်တောက်သည့်ကာလအတွင်း ပြည်သူများ အခက် အခဲဖြစ်ပေါ်မှုလျော့နည်းစေရေးအပြင် ဘာသာရေးအဖွဲ့အစည်းများအတွက်ကိုလည်း လျှပ်စစ်မီး၊ ရေရှိရေးအတွက် စက်သုံးဆီ တတ်နိုင်သလောက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း လျှောက်ထားတင်ပြပြီး ဝန်းသိုကျောင်းတိုက်အတွက် ဆရာတော်ထံ စက်သုံးဆီတစ်ပေပါ (ဂါလံ…

Read More

ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပစေရေး ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စံပြမြို့တစ်မြို့အဖြစ် ဆောင်ရွက်နိုင်ရေး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၂           ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်စေပြီး သန့်ရှင်းသာယာလှပစေ‌ရေး အများပြည်သူပူးပေါင်းပါဝင်မှုဖြင့် စံပြမြို့တစ်မြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စည်ပင် သာယာရေးနယ်နမိတ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ရေစီး‌ရေလာကောင်းမွန်းရေးသည် အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးအချက်ဖြစ်သည်ကို အားလုံးသိရှိပြီဖြစ်ပါကြောင်း၊ ထို့အတူ ရပ်ကွက်အလိုက် တာဝန်ယူဆောင်ရွက်နေကြမည့် အုပ်ချုပ်ရေးမှူးများသည် ပြည်သူများနှင့် အနီးကပ်ဆုံးထိတွေ့နေသူများဖြစ်သည့်အတွက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အဓိကကျသူများဖြစ်ပါကြောင်း၊ သန့်ရှင်းသည့် ရပ်ကွက်၊ သန့်ရှင်း သည့်မြို့သည် အုပ်ချုပ်သူနှင့်နေထိုင်သူများ၏ စည်းကမ်းရှိမှုကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလနကျေးရွာအုပ်စုအတွင်း အသားတိုးကြက်မွေးမြူရေးခြံများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၂၂           ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ မွန်းလွဲ (၁)နာရီက မြစ်ကြီးနားမြို့ ပလနကျေးရွာအုပ်စုအတွင်း ငွေပျော်စံပြကျေးရွာသွားလမ်းဘေးရှိ ပုဂ္ဂလိကပိုင် အသားတိုးကြက်မွေးမြူရေးခြံများ သို့ သွားရောက်ပြီး ကြက်ခြံစုစုပေါင်း ၃ ခြံအတွင်း ကြက်သားပေါက်၊ ကြက်လတ်နှင့် ကြက်ကြီးကောင်ရေ တစ်သောင်းကျော် မွေးမြူထားရှိမှု၊ တိုးချဲ့ ကြက်ခြံသစ်များအပြင် နွားခြံများတည်ဆောက်နေမှု အခြေအနေများကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးကွက်ဖြန့်ဖြူးရောင်းချနိုင်မှုနှင့် ကြက်သားပေါက်နှင့် ကြက်စာမှာယူတင်သွင်းနေမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ယခုလို စနစ်တကျမွေးမြူခြင်းအားဖြင့် ဒေသတွင်း အသားစားသုံးမှုဖူလုံရေးကို အထောက်အကူပြုမည်ဖြစ်သည့် အပြင် တိုးချဲ့မွေးမြူလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပလန(၅)ကျေးရွာအတွင်း နှစ်ပေါင်းကြာမြင့်ပြီး အသုံးမပြုတော့သည့် ငါးမွေးမြူရေးစခန်းနေရာသို့ သွားရောက်ပြီး အဆောက်အအုံဟောင်းများ၊ ငါးသားဖောက်ဆေးထိုးကန်များ၊ ငါးကန်များ အခြေအနေများနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများ လျှပ်စစ်မီး အခက်အခဲဖြစ်ပေါ်မှု လျော့ နည်းစေရေး လျှပ်စစ်ဓာတ်အားသွင်းခြင်းဆိုင်ရာ ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၉           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အဓိကလျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ရက်သတ္တပတ် နှစ်ပတ်တာကာလအတွင်း ပြည်သူများ လျှပ်စစ်မီးနှင့်ရေအခက်အခဲဖြစ်ပေါ်မှုလျော့နည်းစေရေးအတွက် လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ  ဧပြီ ၁၈ ရက် ညနေ ၅ နာရီကလည်း မြစ်ကြီးနားမြို့ပေါ်၌ လျှပ်စစ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှပ်စစ်မီးအားသွင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။           ထိုသို့ ပြည်သူများ ပြန်လည်အားသွင်းအသုံးပြုနိုင်သော လျှပ်စစ်ဆိုင်ရာပစ္စည်းများ အားသွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ ရန်ကြီးအောင်ရပ်ကွက်၊ မီးစက်ဝင်းအတွင်း လျှပ်စစ်ဌာနမှ ပြည်သူများ၏ နေ့စဉ်လျှပ်စစ်မီးဖြင့် အသုံးပြုသည့် EV ဆိုင်ကယ်၊ ဖုန်း၊ Power Bank…

Read More