ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းစားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးနှင့်ဆီထွက်သီးနှံများ စိုက်ပျိုး/ရိတ်သိမ်းပြီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၊ ကချင်ပြည်နယ်မြန်မာ့သိုင်းအားကစားအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်
မြစ်ကြီးနား သြဂုတ် ၇ ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း မိုးစပါးနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းကို သြဂုတ် ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြု လုပ်သည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်ကို သိရှိလိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်သည့်အပြင် ဦးတည်ချက် (၄)ရပ်တွင်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေးဟူ၍ ပါဝင်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုး၍ရသည့်မြေတွင် စိုက်ပျိုး၍ရသည့် သီးနှံကို စိုက်ပျိုးရန်၊…