ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိတောင်သူများအတွက် စက်သုံးဆီဈေးနှုန်းသက်သာစွာရောင်းချပေးနေမှုနှင့်ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကျောက်ချင့်မြို့တို့အကြား ချစ်ကြည်ရင်းနှီးစွာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
မြစ်ကြီးနား ဇူလိုင် ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဒေသတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအပြင် တောင်သူများ စိုက်ပျိုးထွန်ယက်ရာတွင် စက်သုံးဆီအပါအဝင် စိုက်ပျိုးစရိတ်သက်သာစေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယနေ့ နံနက် (၉) နာရီက မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း တောင်သူများနှင့်တွေ့ဆုံပြီး စက်သုံး ဆီ (ဒီဇယ်) အား ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ရှေးဦးစွာ အဆိုပါ ရပ်ကွက်အတွင်း ရထိုက်တန်ဆီဆိုင်၌ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် လက်ရှိလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စက်သုံးဆီဈေးနှုန်း ကြီးမြင့်လျက်ရှိသည့်အပြင် စိုက်ပျိုးရေးသွင်းအားစုများ အပြည့်အဝတင်သွင်းနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့ရာတွင် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများ အဆိုပါအခက်အခဲများလျော့နည်းသက်သာစေရေး ယနေ့ စက်သုံးဆီကို ဒေသပေါက်ဈေးထက်…