ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးမှုအား ကြည့်ရှုစစ်ဆေး၊ မိုးညှင်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မူကြိုကလေးငယ်များအား ထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဇူလိုင်၃၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မူလတန်းကလေးငယ်များအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အပတ်စဉ်တစ်ပတ်လျှင် (၂)ရက် ကျွေးမွေးလျက်ရှိရာ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ကလေးများအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက သွားရောက်အား ပေးခဲ့ကြသည်။ ရှေးဦးစွာ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ KG ကလေးငယ်များအား ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်၊ ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များ၊ အဖွဲ့ ဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကျွေးမွေးခဲ့ကြသည်။ အလားတူ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ မဉ္ဇူခန်းမ၌ KG ကလေးငယ်များအား…