ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စခန်းဝင်ကျောင်းသား/ကျောင်းသူများအား အာဟာရထောက်ပံ့ခြင်း၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများပေးအပ်၊ မိုးစပါးစိုက်ပျိုးနိုင်ရေး တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီများ ရောင်းချပေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇွန် ၈ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၇ ရက် နံနက် ၉ နာရီက ဖုန်ကုန်ရာဇီခန်းမ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအား အာဟာရထောက်ပံ့ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခြေခံ ပညာအထက်တန်းကျောင်း(ပူတာအို)မှ ကျောင်းသား/ ကျောင်းသူလေးများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပုံမှန်လည်ပတ်ထုတ်လုပ်၍ ဒေသတွင်းစားရေရိက္ခာဖူလုံလာစေရေး အရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် ယခုအခါ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆန်ဖူလုံစေပြီး စားဆီဖူလုံလာစေရေးနှင့် ဒေသတွင်း သား၊…