ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအား တက်ရောက်အားပေးချီးမြှင့်၊ ဆုများရရှိခဲ့သော ပြည်နယ်လက်ရွေးစင် ပြေးခုန်ပစ်အသင်းအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   ဇူလိုင် ၁၃          ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြုကစားသမားများ ရွေးချယ်လေ့ကျင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့သည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီက ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖူဆယ်ကလပ်အသင်းပေါင်း (၁၆) သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် နောင်ရာ FC အသင်းနှင့် A.K.O FC အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖူဆယ်ဘောလုံးချစ်ပရိတ်သတ်များနှင့်အတူ တခဲနက်ကြည့်ရှုအားပေးခဲ့ကြရာ A.K.O FC ကလပ်အသင်းက ၅…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကံကော်မြိုင်ရွာကွင်းအတွင်း ကောက်ကွက်ပြည့်မီစွာဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား တက်ရောက်အားပေး၊မြစ်ကြီးနားမြို့နယ်အတွင်းမွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ တတိယနှစ်စက်ဝန်းအတွက် စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မပျက် လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား   ဇူလိုင် ၁၂          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၂ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကောက်ကွက်ပြည့်မီရေး တောင်သူအသိပညာပေး စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ကြက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ ပလန-၂ (ကံ့ကော်မြိုင်) ကျေးရွာကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ ကွင်းအတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံသည်။           ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးသည့် စပါးခင်းများအထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ် များပေါင်းစပ်စိုက်ပျိုးရမည်ဖြစ်သကဲ့သို့ ကောက်စိုက်ရာတွင်လည်း ကောက်ကွက်ပြည့်မီရေးသည် အဓိကဖြစ်ပါကြောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေးဒီဂရီကောလိပ် (မြစ်ကြီးနား)၌ ကျင်းပပြုလုပ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ဆရာ၊ ဆရာမများကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံ၊ဝိုင်းမော် မြို့နယ် မိုင်းနားနှင့်နောင်ချိန်းကျေးရွာအုပ်စုများ အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေး အပ်

မြစ်ကြီးနား   မေ ၁၁          ကချင်ပြည်နယ်၊ ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)ရှိ သင်တန်းသား/သင်တန်းသူများအား ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီနှင့် ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါကောလိပ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။           ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် မြန်မာ့သိုင်းအားကစားနည်းသည် ရှေးဘုရင်များလက်ထက် နှစ်ပေါင်းများစွာကတည်းကရှိခဲ့ပြီး အစဉ်အဆက် မိဘမျိုးရိုးစောင့်ထိန်းလာခဲ့ကြကာ မိမိတို့လူမျိုး၏ ကိုယ်ခံအတတ်ပညာတစ်ခုအနေဖြင့် သင်ကြားခဲ့ရသည့် ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်အကြီးအကဲကလည်း မြန်မာ့သိုင်း အားကစားနည်းမှာလူတိုင်းကစားနိုင်သည့် ကိုယ်ခံပညာအားကစားနည်းဖြစ်သည့်အတွက် နိုင်ငံတော် ၏အားကစားအဖြစ် ဆောင်ရွက်သွားကြရန် လမ်းညွှန်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/ သင်တန်းသူများအနေဖြင့် မြန်မာ့သိုင်းအားကစားနည်းကို လေးစားစွာသင်ယူလေ့ကျင့်ပြီး ခန္ဓာကိုယ်ကျန်းမာကြံခိုင်ရေးနှင့် မိမိကိုယ်ကို ခုခံစောင့်ရှောက်နိုင်အောင် စနစ်တကျသင်ယူလေ့လာကြရန် မှာကြားလိုသည့်အပြင် ယနေ့ သင်တန်းတွင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ပိုက်ကျော်ခြင်းလက်ရွေးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ ဆုတံဆိပ်များ ရရှိခဲ့သော ကချင်ပြည်နယ်ပြေးခုန်ပစ်အသင်းအား လေဆိပ်၌ ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား   ဇူလိုင် ၁၀          ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ စည်းလုံးညီညွတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် အားကစားစိတ်ဓာတ်၊ အားကစားအဆင့်အတန်းကို ပြသခွင့်ရမည့် အခွင့်အရေးဖြစ်သည့်အတွက် အနိုင်ရရှိရေး ရည်မှန်းချက်ထားကြိုးစားရုံသာမက အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်မှုများကိုပြသပြီး ပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်ရန် အရေးကြီးပါကြောင်း အားပေးပြောကြားကာ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ် ၁၅ သိန်း၊ အုပ်ချုပ်သူ၊ နည်းပြများနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီစွာရရှိရေးအတွက် စပါးမျိုးစေ့ချကိရိယာ(Seeder)များ၊ စပါးမျိုးသန့်မျိုးစေ့အိတ်များနှင့် သွင်းအားစုများအား မြို့နယ်များအလိုက် တောင်သူများထံဖြန့်ဝေပေးအပ်၊ မြစ်ရေမြင့်တက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး ရေဘေးကယ်ဆယ်ရေးတပ်ဖွဲ့များ စနစ်တကျစုဖွဲ့ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   ဇူလိုင် ၈          ကချင်ပြည်နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ တောင်သူဝင်ငွေတိုးပွားရေးအတွက် စပါးစိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးအတွက် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေရေး နည်းစနစ်ပြည့်ဝမှန်ကန်သည့် စပါးမျိုးစေ့ချကိရိယာ (Seeder) များအသုံးပြု၍ စိုက်ပျိုးနိုင်‌ရေး မြို့နယ်များအလိုက် တောင်သူများထံ ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အနေဖြင့် ယမန်နှစ်က စပါးစိုက်ဧက စုစုပေါင်း (၄၇၄၄၇၇) ဧကရှိသည့်အနက် ကြဲပက်စိုက်ပျိုးဧက (၁၇၉၄၁၆) ဧကတွင် တစ်ဧကအထွက်နှုန်း (၆၆ ဒဿမ ၅၈) တင်းသာရရှိခဲ့ကာ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးဧက (၈၈၂၀၄)ဧကတွင် တစ်ဧကအထွက်နှုန်းအနေဖြင့် (၉)တင်းခန့်ပိုမိုထွက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ စပါးစိုက်ပျိုးနည်းစနစ် မှန်ကန်သင့်တော်သည့် နည်းလမ်းများအသုံးပြုခြင်း၊ မျိုးကောင်း မျိုးသန့်နှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံနှင့် နွေစပါး၊ မိုးစပါးသီးနှံ စိုက်ပျိုးပြီးစီးမှုအခြေအနေ များနှင့်စပ်လျဉ်း၍လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား   ဇူလိုင် ၇          ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လက်ရွေးစင်ကစားသမားများ စိစစ်ရွေးချယ် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဖူဆယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသော ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ဘောလုံးအသင်းများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ပြိုင်ပွဲသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် ဖူဆယ် ပြိုင်ပွဲအတွက် စည်းကမ်းပြည့်ဝပြီး ကြိုးစားအားထုတ်မှုရှိသော အရည်အချင်းမြင့်မားသည့် အားကစားသမားများကို ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်စခန်းသွင်းလေ့ကျင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစား စိတ်ဓာတ်အပြည့်အဝဖြင့်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဝိုင်းမော်မြို့၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနေမှု အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   ဇူလိုင် ၅          ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာဘုန်းကြီးကျောင်းသွားလမ်း အရှည်ပေ (၃၉၀) ပေအား  အကျယ် (၁၄) ရှိ ကွန်ကရစ်လမ်းသစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဘဏ္ဍာနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်ရေးနှင့် အရည်အသွေးပြည့်မီစွာ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားနှင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ ပြည်နယ်အဆင့် (ဒသမအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၊ ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲများသို့ တက်ရောက်

မြစ်ကြီးနား   ဇူလိုင် ၅          “သမဝါယမနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ကြပါစို့” ကြွေးကြော်ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၅) ရက်နေ့တွင် ကျရောက်သည့် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ ဒေသတွင်း သမဝါယမအသင်းစုများ၏ ဒေသထုတ်ကုန်ပြခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားကို ရုံးအတွင်းရှိ ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတကာသမဝါယမများက မျှဝေခံစားတတ်သည့် လူ့ကျင့်ဝတ်ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ် အခြေတည်ထားသည့် ကမ္ဘာတစ်ဝှမ်းလုံးက သဘောတူလက်ခံထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံးကြိုးစားအားထုတ်ပြီး မိမိတို့ နိုင်ငံ၏ အနာဂတ်ဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် သမဝါယမ၏…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ထက်၊ လယ်၊ မူ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြည်နယ်လက်ရွေးစင်အသင်းအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား  ဇူလိုင် ၄          ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အခြေခံပညာဦးစီးဌာနကဦးဆောင်ကျင်းပသော အခြေခံပညာအထက်တန်းအဆင့်၊ လယ်တန်းအဆင့်နှင့်မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီးပြိုင်ပွဲကို မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာ အထက်တန်း၊ ရွှေသွေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြည်နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက အဆိုပါကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၇၈)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့ပေါ် အခြေခံပညာကျောင်းများမှ အထက် တန်းအဆင့်နှင့် အလယ်တန်းအဆင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်၍ ဘက်စုံ/ ကဏ္ဍစုံ၊ နယ်ပယ်အသီးသီးမှ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်၊ အမှတ်(၁) တပ်မတော်ဆေးရုံ (ကုတင်-၃၀၀)အတွက် ဆေးပဒေသာပင်လှူဒါန်း၊ ပြည်နယ်လက်ရွေးစင် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်

မြစ်ကြီးနား        ဇူလိုင်  ၃ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ ဘက်စုံ/ ကဏ္ဍစုံ/ နယ်ပယ် အသီးသီး၌ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို ပြည်နယ်အမျိူးသမီးရေးရာအဖွဲ့က ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေး ၅၆ သန်းကျော်အနက် အမျိုးသမီးဦးရေသည် ၂၉ သန်းကျော်ဖြစ်သည့်အတွက်  နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လေးစားဂုဏ်ယူဖွယ်ရာဖြစ်သည့် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇူလိုင် ၃ ရက်နေ့ကို မြန်မာအမျိုးသမီးနေ့အဖြစ် အခမ်းအနားဖြင့် ဂုဏ်ပြုကျင်းပပေးခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အတူ ယနေ့ အခမ်းအနားတွင် ဘက်စုံ၊…

Read More