ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် မူးယစ်ကင်းစင်ကျောင်းများ စုပေါင်းမိတ်သဟာယ အမျိုးသားဘောလုံးပြိုင်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်
မြစ်ကြီးနား ဇွန် ၂၇ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၄ ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့သော ကချင်ပြည်နယ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ၏ စုပေါင်းမိတ်သဟာယအဖွဲ့တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၂၆ ရက် ညနေ ၃ နာရီက ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မူးယစ်ကင်းစင်ကျောင်းများစုပေါင်း၍ မိတ်သဟာယအဖွဲ့အဖြစ်ဖွဲ့စည်းပြီး အသင်းပေါင်း (၆)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ဂါလိလဲအသင်းနှင့် အသက်မုန့်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြရာ အသက်မုန့်အသင်းက…