ကချင်ပြည်နယ်ဝန်ကြီးချုပ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး(ဆင့်ပွား)သင်တန်း (၁/၂၀၂၂) ဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြား

မြစ်ကြီးနား     ဇွန်    ၂၄           ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း  ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဇွန် ၂၀ ရက်နေ့မှစတင်၍ (၅)ရက်ကြာဖွင့်လှစ်ခဲ့သည့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား) သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဗဟိုကော် မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အထူးအဖွဲ့မှ ဝန်ထမ်းများအနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပိုမိုသိရှိနားလည်ပြီး သင်တန်းမှ သင်ယူထားရှိသည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး…

Read More

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အနှစ်သာရပြည့်ဝပြီး ထူးခြားကောင်းမွန်စွာ ကျင်းပ ပြုလုပ်နိုင်ရေးနှင့် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြစ်ကြီးနား     ဇွန် ၂၄           (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ထူးခြားစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ကချင်ပြည်နယ်နေ့သည် ယခင်နှစ်များနှင့် မတူဘဲ (၇၅)နှစ်မြောက် စိန်ရတုနှစ်ဖြစ်သည့်အတွက် အနှစ်သာရပြည့်ဝပြီး ထူးခြား ကောင်းမွန်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်းနှင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များအနေဖြင့် ယခင်နှစ်များ၏ အားနည်းချက်/ အားသာချက်များကို သုံးသပ်ဆွေးနွေးပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒိုင်သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဇွန် ၂၄           ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်)က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၂၃ ရက် ညနေ ၄ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။           ရှေးဦးစွာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်) တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် သရဖူ၊ တကောင်ဘွား၊ ဟူးကောင်းကျား၊ စက်ရုံ၊ ကျားဖြူရိုးရာလက်ဝှေ့ကလပ်တို့မှ တွဲဆိုင်း(၅) ဆိုင်းဖြင့် ယှဉ်ပြိုင်ထိုးသတ် မှုကို အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်…

Read More

ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ လျော်ကြေးပေးနိုင်ရေး အတွက် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား     ဇွန် ၂၄           ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်း (၁၁၀ ကေဗွီ)နှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ ခုတ်လှဲနိုင်ရေးနှင့် လျော်ကြေးပေးအပ်နိုင်ရေးအတွက် ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ခြံပိုင်ရှင်များပါဝင်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။           ထိုသို့ ဆွေးနွေးရာတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်အတိုင်း ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/ ပြည်နယ်သားများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် လျှပ်စစ်စွမ်းအားလုံလောက်စွာရရှိရေးသည်လည်း အခြေခံကျသည့် ကဏ္ဍဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ တက်ရောက်လာကြသည့်သူများအနေဖြင့် ချီဖွေ…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇွန် ၂၃           ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းသားသမီးကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းသုံးပစ္စည်း များနှင့် လုပ်သားဝန်ထမ်းများအတွက် မိုးကာအင်္ကျီနှင့် ခမောက်များပေးအပ်ခြင်း အခမ်းအနား ကို ဇွန် ၂၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးတို့က ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ငွေကြေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိတို့က ဝန်ထမ်းသား/သမီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်နှင့် တက္ကသိုလ်တက်ရောက်လျက် ရှိသည့်ကျောင်းသား/ကျောင်းသူ(၁၀၆)ဦးတို့အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေကျပ်(၁၄၉၅၀၀၀)…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ လယ်ယာမြေများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား   ဇွန် ၂၃ ကချင်ပြည်နယ်အတွင်းရှိ လယ်ယာမြေများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်ရည်ရွယ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုကြောင်း  ဇွန် ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့်  ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)တွင်  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မိမိတို့နိုင်ငံနှင့်မိမိတို့ပြည်နယ်၏ အသက်သွေးကြောဖြစ်သည့်လယ်ယာ မြေစီမံခန့်ခွဲမှုသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ပြည်နယ်အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍ တိုးချဲ့စိုက်ပျိုးရန်အတွက် မြေလွတ်မြေရိုင်းများသည်လည်း ဧကသန်းပေါင်းများစွာ ကျန်ရှိနေ ပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးအတွက် လယ်ယာမြေလုပ်ကိုင်ခွင့်ပြုနိုင်ရေး ပုံစံ-၇ များကို စိစစ်ထုတ်ပေးနေသကဲ့သို့ နိုင်ငံတော်နှင့် ဒေသအကျိုးအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ရိုးရာလက်ဝှေ့ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား   ဇွန် ၂၂ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်   မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက် မြန်မာပြည်)မှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန့်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကို ဇွန် ၂၁ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြန့်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က တာဝန်ရှိ သူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဒိုင်အဖွဲ့ဝင်များနှင့် ကြီးကြပ်ရေး အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တွဲဆိုင်းငါးတွဲ၏ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က တွဲဆိုင်း အလိုက်ကစားသမားများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က  အာရှနဂါး(ကျားဖြူ)…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများအတွက် အခြေခံစက်ချုပ်သင်တန်း တက်ရောက်ဖွင့်လှစ်ပေးပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     ဇွန် ၂၁           ကချင်ပြည်နယ်၊တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီဌာနနှင့် အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ လုပ်ကိုင်နိုင်ပြီး မိသားစုစားဝတ် နေရေး အဆင်ပြေလာစေရန်နှင့်ကိုယ်ပိုင်တိုင်းရင်းသားလုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ရေးအတွက် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲကို ဇွန် ၂၁ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ရက်ကန်းသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။           ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားရေးရာဝန်ကြီး ဌာနအနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် တို့ပါဝင်သော လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိရန် ဦးတည်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယနေ့ တိုင်းရင်းသူများအနေဖြင့် သင်ကြားပေးသည့် စက်ချုပ်ဆိုင်ရာဘာသာရပ်များ…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်ငွေလုံးငွေရင်းဘတ်ဂျတ်ဖြင့် ဝယ်ယူသော ရုံးသုံးစက်ကိရိယာပစ္စည်းများအား ပြည်နယ်/ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အတွက် ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇွန် ၂၀           ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊မတ်လအထိ ပြည်နယ်ငွေလုံးငွေရင်းဘတ်ဂျက်ဖြင့်ဝယ်ယူခဲ့သော ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၀ ရက် နံနက် (၁၀)နာရီက ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနရုံး မနောမြေအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများအတွက် ရုံးလုပ်ငန်းဆိုင်ရာများကို အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်နိုင်ရေး၊ အခမ်းအနားများအသုံးပြုရန်နှင့် အားကစားကွင်းများ မြေညှိပြုပြင်နိုင်ရေး စက်ကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အတွက် တာဝန်ခံအရာထမ်းများ အနေဖြင့် ပစ္စည်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ တန်ဖိုးရှိရှိ အသုံးချရန်နှင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။…

Read More

ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး(ဆင့်ပွား)သင်တန်းဖွင့်လှစ်

မြစ်ကြီးနား     ဇွန် ၂၀           ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရေန် ရည်ရွယ်၍ ပြည်နယ်တရားမဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ဇွန် ၂၀ ရက် နံနက် ၉ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဖွင့်ပွဲတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဗဟိုကော်မတီ နာယက၊ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုလျော့နည်း ပပျောက်ရေးအတွက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက် များအပေါ် လိုက်နာပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အတွက် ရသင့် ရ ထိုက်သော အခွန်အခများ ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့…

Read More