
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား သြဂုတ် ၂၁ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ ပြည်နယ်သယံဇာတဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးမျိုးဆွေ နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သြဂုတ် ၂၁ ရက်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မန္တလေး-လားရှိုး – ဗန်းမော် -မြစ်ကြီးနား လမ်းပေါ်ရှိ တံတားအမှတ် (၂/၄၈၆) ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ရှေးဦးစွာ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီမြစ်ကူး တံတား ဗလမင်းထင်တံတားအမှတ်(၂) မြေစမ်းသပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တံတား ချဉ်းကပ်လမ်းမြေနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားအထူးအဖွဲ့(၁) ရှင်းလင်းဆောင်တွင် ဗလမင်းထင်တံတားအမှတ်(၂) လျာထားတံတားအူကြောင်းပြပုံနှင့့် တံတားပုံစံငယ်အား ကြည့်ရှုစစ်ဆေးပြီး အဆိုပါတံတား တည်ဆောက်နေမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းဦးစီးဌာနနှင့် တံတားအထူးအဖွဲ့(၁)မှ တာဝန်ရှိသူများက လက်ရှိအသုံးပြုလျက်ရှိသည့်…