
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းနေမိသားစုများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပြီး ခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး
ဗန်းမော် သြဂုတ် ၁၅ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းနေပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတောင်သူများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို သြဂုတ် ၁၅ ရက် နံနက် ၉ နာရီတွင် ဗန်းမော်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၅)ခုမှ မိသားစုများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို လျင်မြန်စွာထိန်းချုပ်နိုင်ရေး တင်းကြပ်စွာဆောင်ရွက်နေသကဲ့သို့ ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ပြည်သူများ နေထိုင်စားသောက်မှု အခက်အခဲမရှိစေရေးအတွက်ကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ယနေ့ ဗန်းမော်မြို့နယ်အတွင်းရှိ…