မြစ်ကြီးနားမြို့၌ တတိယအကြိမ်မြောက် မနောလိဂ် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂ ကချင်ပြည်နယ် တရားလွတ်တော်တရားသူကြီးချုပ်ဦးတူဂျာ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် မနောလိဂ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှု အား‌ပေးခဲ့ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာ စကားပြောကြားပြီး ဂျုနီယာစတားဘောလုံးအသင်းနှင့် နောင်ရာ ဘောလုံးအသင်းတို့က ယှဉ်ပြိုင် ကစားခဲ့ကြရာ နောင်ရာအသင်းက (၆)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ကချင်ပြည်နယ် တရားလွတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နည်းပြအကောင်းဆုံးဆု၊…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)တွင် အဂတိတိုက်ဖျက်ရေးဆိုင်ရာအသိပညာ‌ပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းသို့တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ     ၂၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် က အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရသည် အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ဖြစ်ပါကြောင်း၊ အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တာဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်ကြရန် လိုကြောင် အဖွင့်အမှာစကားပြောကြားပြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက အခမ်းအနား ကျင်းပနိုင်ရေး ကူညီပံ့ပိုးပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင် က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်အတွင်း ကုန်းမဟတ်ကျေးရွာတွင်း ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်၊ တန်ဖိုးမြှင့်ထုန်ကုန်နည်းပညာသင်တန်း၊ သူနာပြုသားဖွားဒီပလို (၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေး

ဗန်းမော်         ဖေဖော်ဝါရီ ၂၂           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့နယ်အတွင်းရှိ ကုန်းမဟတ်ကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက် ရောက်ဖွင့်လှစ်ပေးကြသည်။           လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးတင်မောင်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဗန်းမော်တပ်နယ်မှူး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲ မုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့လူဦးရေ၏…

Read More

မြစ်ကြီးနားမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် နှုတ်ခမ်းကွဲ/အာခေါင်ကွဲ လူနာများအား သွားရောက်ကြည့်ရှုအားပေး

                                                 မြစ်ကြီးနား       ဖေဖော်ဝါရီ  ၂၁             နိုင်ငံတော်အနေဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး ဌာနဆိုင်ရာနယ်ပယ် အသီးသီးမှ အနားယူသွားခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားကြီးများအား ငွေကြေးကုန်ကျစိုက်ထုတ် ရမှု လျော့နည်းစေ၍ လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေပြီး ကျန်းမာပျော်ရွှင်စွာနေ ထိုင်နိုင်ရေးအတွက် စီစဉ်ပေးလျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၆ နာရီခွဲက အငြိမ်းစားလစာထုတ်ယူခြင်းနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြစ်ကြီးနားမြို့ ကုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြသည်။             ထိုသို့ ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အား အငြိမ်းစားလစာထုတ်ယူပြီးချိန်တွင် တစ်ပါတည်း ကျန်းမာရေးစစ်ဆေးကုသမှုများ တစ်နေရာ ထဲတွင် စုဖွဲ့ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း စားရေရိက္ခာဖူံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဒုတိယနှစ်စက်ဝန်းလည်ပတ်နိုင်ရေး မတည်ချေးငွေများ လွှဲပြောင်းပေးအပ်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဗန်းမော်         ဖေဖော်ဝါရီ ၂၀           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက် နံနက် (၁၀)နာရီခွဲ တွင် လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစကခမှူး (ဗန်းမော် တပ်နယ်မှူး)ဗိုလ်မှူးကြီးထွဋ်ခေါင်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဗန်းမော်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်မည့် ရပ်ကွက်/…

Read More

ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဖေဖော်ဝါရီ     ၂၀ (၂၀၂၃-၂၀၂၄)ခုနှစ် ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း များ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ အသစ် (၁၂၄ ပေ ×၁၈၅ပေ× ၃၃ ပေ) RCC အဆောက်အအုံသစ် တည်ဆောက်နေမှု အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက သက်မှတ်ကာလအတွင်း အချိန်မှီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း များ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၁၇)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၉           သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ (၁၇)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။           ရှေးဦးစွာ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဒုတိယ ပါမောက္ခချုပ် ဦးမင်းမင်းဦးတို့က တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များက ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှိ စင်မြင့်၌ နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးကို အဟန့်အတားဖြစ်စေသည့် အခက်အခဲ၊ ပြဿနာများ၊ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများရှိပြီး အနာဂတ်လူငယ်များအတွက် ကိုယ်ရည်ကိုယ် သွေးများရှိသည့် ဘွဲ့ရလူငယ်များဖြစ်အောင် ခေတ်မီသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဖောက်လုပ်နေမှု  အခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေခဲတောင်ခြေရှိ ဇီယာဒမ်းကျေးရွာ၌ ဒေသတွင်းရှိ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

ပူတာအို         ဖေဖော်ဝါရီ ၁၈           မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၁၇ နံနက် ၆ နာရီက ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းပိုင်း ဆောင်ရွက်နေမှု အခြေအနေ များကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနခရိုင်ရာတာဝန်ရှသူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းအတိုင်း ထွက်ခွာခဲ့ကြပြီး လမ်း လုပ်ငန်း စီမံကိန်းရှင်းလင်းဆောင်ရှိရာ ရှိန်းလိန်းချက်တောင်ထိပ် အမြင့်ပေ ၇၀၀၀ ကျော်မှတစ်ဆင့် ရေခဲတောင်များ မြင်တွေ့နေရမှုကို ကြည့်ရှုခဲ့ကြသည်။           ထို့နောက် ကျေးရွာပေါင်း(၈)ရွာ၊ အိမ်ခြေ(၃၈၂)အိမ်၊ လူဦးရေ (၁၁၃၉)ဦးတို့အား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျား ခေါင်လန်းဖူးဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၊ မြို့သန့်ရှင်း သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၈           မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင်အတွင်းရှိ ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး‌မြို့နယ်သို့ မော်တော်ယာဉ်များဖြင့် သွားရောက်ခဲ့ ကြပြီး ရှေးဦးစွာ ပူတာအို-နောင်မွန်သွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်တိုင် (၂၂) အင်မွေးတောင် ပေါ်ရှိ View Point ပြုလုပ်ထားသည့် နေရာမှ ဒေသ၏ တိမ်ပင်လယ်နှင့် တောတောင်သဘာဝရှုမျှော် ခင်းများကို…

Read More

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ‘ကျန်းမာရေးနှင့်ညီညွှတ်သောအာဟာရများအကြောင်းသိကောင်းစရာ’ ဟောပြောပွဲနှင့် ရိုးရာအစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်လှစ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၆           လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေးနှင့် ရောဂါဘယကင်းရှင်းစေရေးအတွက် ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများအား အာဟာရပြည့်ဝစွာ ချက်ပြုတ်စားသောက်နိုင်ရန် ရည်ရွယ်ပြီး ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ‘ကျန်းမာရေးနှင့်ညီညွှတ်သော အာဟာရများအကြောင်းသိကောင်းစရာ’ ဟောပြောပွဲနှင့်  ရိုးရာအစားအစာ ချက်ပြုတ်နည်းသင်တန်းကို ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက ကျန်းမာရေးနှင့် ညီညွှတ် သော အစားအစာများကို ပြင်ဆင်ချက်ပြုတ်စားသုံးပါက ရောဂါကင်းစင်ပြီး ပျော်ရွှင်ကျန်းမာသော လူမှုဘဝများကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ကြောင်း၊ အစားအစာများကို ပြင်ဆင်ချက်ပြုတ်သော အမျိုးသမီးအများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများ သိသင့်သိထိုက်…

Read More