ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ကမ္ဘာ့ကာကွယ် ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်း အမှတ် အခမ်းအနားများနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပမှုအား ကြည့်ရှုအားပေး
မြစ်ကြီးနား မေ ၅ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်း ကျောင်း ရွှေသွေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့်အလိုက် ကျောင်းသား/ကျောင်းသူဦးရေ ၅၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် ကာတွန်း၊ ပန်းချီး၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ ပြုလုပ်ကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးသည် အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်မည့်လုပ်ငန်းများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန်…