မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရပ်ကွက်၊ကျေးရွာ အုပ်စုများ အလိုက် ဖွင့်လှစ်ထားဆောင်ရွက်ထားသည့် ပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ
မြစ်ကြီးနား စက်တင်ဘာ ၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ရပ်ကွက်များအလိုက် စေတနာ့ဝန်ထမ်းအစုအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေး အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။ &Read More