ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံ လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  မြစ်ကြီးနားမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံ လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၂၉

မြစ်ကြီးနား     သြဂုတ် ၂၉

          ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် – ၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးနိုင် ရေးအတွက် ဒုတိယအသုတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို သြဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့က သွားရောက်လက်ခံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယနေ့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ မှာ တရုတ်ပြည်သူသမ္မတနိုင်ငံထုတ် Sinopharm အမှတ်တံဆိပ်ပါ ကာကွယ်ဆေး (၇၉၁၂)လုံးဖြစ် ပြီး ကာကွယ်ဆေးများကို တပ်မတော်လေယာဉ်မှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများက လက်ခံရယူခဲ့ကြ ပြီး လက်ခံရရှိသည့် ကာကွယ်ဆေးများကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးဒေါက်တာတင့်နိုင်နှင့် ကျန်းမာရေးဝန်ထမ်းများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

          အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို ပထမအသုတ်အဖြစ် ဇူလိုင် ၃၀ ရက်နေ့တွင် ပထမအသုတ်ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်အတွင်း ဇူလိုင် ပထမအပတ်နှင့် ဒုတိယအပတ်များအတွင်း ပထမအကြိမ်ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သော လူဦးရေ ၄၆၂၀၀ ဦးအတွက် ဒုတိယအကြိမ် ထိုးနှံပေးနိုင်တော့မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။