ကချင်ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းဒေသတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများသို့ တက်ရောက်
မြစ်ကြီးနား ဒီဇင်ဘာ ၂၁ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တနိုင်းနှင့် ရှင်ဗွေယန်ဒေသများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ တနိုင်းဒေသအတွင်း ကိုဗစ် – ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် က တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရှင်ဗွေယန်ဒေသတို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သည် သိသာစွာ လျော့ကျခြင်းမရှိဘဲ ပုံမှန်အတိုင်းဖြစ်ပွားလျက်ရှိရာ အဆိုပါ မြို့နယ်အတွင်း ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်…