မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပပြုလုပ်
မြစ်ကြီးနား ဇန်နဝါရီ ၁၀ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးတို့ တက်ရောက် ကြသည်။ ရှေးဦးစွာ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်က ဖတ်ကြားပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်နေ့အထိမ်းအမှတ် မိန့်ခွန်းပြော…