ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ်လေ့ကျင့်ရေး သင်တန်းဆင်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
မြစ်ကြီးနား ဒီဇင်ဘာ ၃ ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့ ဧရာရပ်ကွက် မနောဧရာရေကူးကန်၌ နိုဝင်ဘာ ၁၅ ရက်မှ စတင် ဖွင့်လှစ်ခဲ့သည့် ရေပြင်အသက်ကယ်လေ့ကျင့်ရေးသင်တန်းဆင်းပွဲနှင့် သရုပ်ပြခြင်းအခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်တွင် ဘေးအန္တ ရာယ်အမျိုးမျိုး၏ စိန်ခေါ်မှုများ ကြီးမားလာသည်နှင့်အမျှ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ထက် မြက်ရေးသည်လည်း ယခင်ကနှင့်အတူပို၍အရေးကြီးလာပါကြောင်း၊ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင် များ၏စွမ်းဆောင်ရည်သည် ပြည်သူလူထုအတွက် အကာအကွယ်ပေးရန် လိုအပ်ချက်နှင့်အတူ အရေးကြီးလာရခြင်းဖြစ်ကြောင်း၊ အသက်ကယ်နည်းစနစ်များကို တတ်မြောက်ရုံသာမက လေ့ ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊…