(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၃၁ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လာမည့် ပြည် ထောင်စုနေ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်နှင့် ပြည်ထောင်စု၏ ပုံရိပ်ကို ပေါ်လွင်အောင် နေပြည်တော်၌ ခမ်းခမ်းနားနား ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အနေဖြင့် ပြည်နယ်၏ အထင်ကရနေရာများ၊ ထွက်ကုန် ပစ္စည်းများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ပေါ်လွင်အောင် ဖော်ထုတ်ပြသနိုင်သည့် အလှပြ ယာဉ်များ၊ အကအဖွဲ့များ…