ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းစီမံကိန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှင်းလင်းညှိနှိုင်း ဆွေးနွေး
မြစ်ကြီးနား စက်တင်ဘာ ၂၈ ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးပြုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှင်းလင်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင် ဘာ ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပပြု လုပ်သည်။ ရှင်းလင်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ရေတို/ ရေရှည်စီမံကိန်း လုပ်ငန်းများ ထိရောက်အောင်မြင်စွာအကောင်အထည် ဆောင်ရွက်ရာတွင် အမှန်တကယ် ပြည်သူ့ အကျိုးပြုလုပ်ငန်းများဖြစ်စေရေး၊ ဘဏ္ဍာရန်ပုံငွေများသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လျာထားသုံးစွဲနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။ ယင်းနောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်စာရင်းစစ်နှင့် ပြည်နယ်ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများကဒေသန္တရစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းများ နှင့်…