ကချင်ပြည်နယ်၀န်ကြီးချုပ်က ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး
မြစ်ကြီးနား နို၀င်ဘာ ၂၄ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီတို့ပူးပေါင်း ကျင်းပသည့် ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃) ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား နို၀င်ဘာလ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့ အားကစားနှင့်ကာယပညာ ဦးစီးဌာနရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့၀င် ပြည်နယ်၀န်ကြီးများ ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီ၀င်များ ၊ပြိုင်ပွဲ၀င်အသင်းများမှ အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ တက်ရောက်သည်။ ရှေးဦးစွာ ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ “ စာပေ၊ယဉ်ကျေးမှုနှင့်အားကစား”ဆိုသည့် “ကဏ္ဍသုံးရပ်ဟာ မရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါကြောင်း၊ အားကစားဆိုတာရှိမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မည် ဖြစ်ပါကြောင်း၊ ယခုလို ကချင်ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ကျင်းပပြုလုပ်ခြင်းဖြင့်…