ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်
မြစ်ကြီးနား အောက်တိုဘာ ၁၁ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၏ ကြီး ကြပ်မှုဖြင့် မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မြစ်ကြီး နားမြို့၊ စီတာပူရပ်ကွက် နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ် OSS ရုံးဝင်အတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၁၈)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယနေ့ စီတာပူရပ်ကွက်နေ တိုင်းရင်းသားပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ် အရောက်ပေးအပ်နိုင်ခြင်းသည် ပန်းခင်းစီမံချက်၏ အောင်မြင်မှုရလာဒ်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ကျန်ရှိနေသည့် ကျေးရွာအုပ်စုများတွင်လည်း…