ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ်သတ္တမအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၊ အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲနှင့်အမှိုက်ပုံးနမူနာ များ ပေးအပ်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်၊ အောင်ပွဲရပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား ဇွန် ၂၅ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် စည်ပင်သာယာရေးအဖွဲ့က ကြီးမှူးကျင်းပလေ့ရှိရာ ယခုနှစ်တွင် သတ္တမအကြိမ်မြောက်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ အေးမြသာယာအဆင့်မြင့်ဈေးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သစ်တောသစ်ပင်ဆိုသည်မှာ ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်း ကျင်ကို စိမ်းလန်းစိုပြည် တည်တံ့စေရေးအရေးပါသည့် သယံဇာတအရင်းအမြစ်များဖြစ်သည့်အတွက် မိမိတို့အားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူမိမိတို့ပတ်ဝန်းကျင်တွင် အပင်များစိုက်ပျိုးခြင်းကြောင့် မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်အတွက်ပါ နောင်နှစ်ပေါင်းများစွာ အကျိုးရှိနေစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြည်သာယာလှပစေရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိသည့်အပြင် မြို့မိ/ မြို့ဖများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့်…