ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၁)အတွင်းရှိ စန်းကားယာယီစခန်းနေ မိသားစုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့
မြစ်ကြီးနား ဇူလိုင် ၁၉ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့ သန့်ရှင်းသာယာပြီး စိမ်းလန်းစို ပြည်စေရေး ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီက မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ နှင့်အတူ ပြည်နယ်မီးသတ်ဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် စိမ်းလန်းအဖွဲ့များက မြစ်ကြီးနားလေဆိပ်ဝင်း VIP ဆောင်နှင့် အများပြည်သူဝင်/ထွက်သွားလာရာ လေဆိပ်အဆောက်အဦဝန်းကျင်ရှိ ပန်းခြံငယ်များရှိ အလှပန်းပင်များနှင့် ပန်းခြုံများအား လှပအောင်ပြုပြင်ခုတ်ထွင်ရှင်း၊ အမှိုက်များနှင့် မျက်ရိုင်းများ ရှင်းလင်းပေးခြင်းတို့ ဆောင်ရွက်နေမှု အခြေ အနေများကို လည်းကောင်း၊…