ကချင်ပြည်နယ်ဝန်ကြီးချုပ် မူးယစ်ကင်းစင်သင်တန်းကျောင်းများစုပေါင်းမိတ်သဟာယအဖွဲ့ တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် တိုင်းဒေသကြီး/ပြည်နယ်ဘောလီဘောပြိုင်ပွဲတွင် တတိယဆုနှင့် (၄)နှစ်ဆက်တိုက်ရိုက်ချက်အကောင်းဆုံးဆုရရှိခဲ့သော အောင်ပွဲရ ပြည်နယ်ဘောလီဘောအသင်းအား လေဆိပ်၌ ကြိုဆိုဂုဏ်ပြု
မြစ်ကြီးနား ဇွန် ၁၅ ပဉ္စမအကြိမ်အဖြစ် ကချင်ပြည်နယ်မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန် ၁၄ ရက် ညနေ (၃)နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။ ရှေးဦးစွာဘောလုံးပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့မူးယစ်ကင်းစင်ကျောင်းများ မိတ်သဟာယ အနေဖြင့် ရည်ရွယ်ချက်တူ၊ ပန်းတိုင်တူ သင်တန်းကျောင်းများ အချင်းချင်း စည်းလုံးညီညွတ်မှုရရှိစေပြီး နိုင်ငံအတွက်၊ ပြည်နယ်အတွက်၊ မိမိပတ်ဝန်းကျင်လူမှုအသိုင်း အဝိုင်းအတွက် တန်ဖိုးရှိသော လူငယ်လူရွယ်များအဖြစ် ပြန်လည်ရပ်တည်နိုင်စေရန်၊ မူးယစ်ကျေးကျွန်ဘဝမှ လွတ်မြောက်ပြီး ကျန်းမာသန်စွမ်းသော လူငယ်များဖြစ်လာစေရေန်၊ အားကစားပြု လုပ်ခြင်းဖြင့် မူးယစ်ဆေးဝါးကို တွန်းလှန်တိုက်ဖျက်လာနိုင်စေရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ လူသားတိုင်းအတွက် အရေးကြီးလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးအတွက်…