ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ရစ်ဂျော်ကျေးရွာ ဆိုလာ လျှပ်စစ်မီး စံပြစီမံကိန်း ရှင်းလင်းဆွေးနွေးပွဲနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ
မြစ်ကြီးနား မတ် ၂ ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ရစ်ဂျော်ကျေးရွာတွင် SPIC ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေး ပွဲကို မတ် ၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စီမံကိန်း ရှင်းလင်းပွဲတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး အခြေခံကျသည့် လျှပ်စစ်မီးလင်းရေးအတွက် ယခုလို နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေးသည် တောင်ပေါ်ဒေသရှိ ကျေးရွာနေပြည်သူများ အတွက် များစွာအကျိုးဖြစ်ထွန်းပါကြောင်း၊ ရစ်ဂျော်ကျေးရွာအား အချိန်တိုကာလအတွင်း ဆိုလာ လျှပ်စစ်မီး စံပြစီမံကိန်းဖြင့် မီးလင်းရေးကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် များစွာကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောကြားသည်။…