ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်းကြည်ရှုစစ်ဆေး
မြစ်ကြီးနား ဇွန် ၂၆ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးခက်ထိန်နန်နှင့်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာန ဆိုင်ရာအကြီးအကဲများက ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များဆောင်ရွက်ရန်ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြသမှုအခမ်းအနားအား တက်ရောက်အားပေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ကောင်စီဥက္ကဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များက မြစ်ကြီးနားမြို့၊ ပလနနယ်မြေ(၁)ရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ် ဆောက်လုပ်ရန်လျာထား မြေနေရာ ဧက (၃၀) အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ရွှေစက်ရပ်ကွက်အတွင်း ပလန-၅ (သဇင်မြိုင်ကျေးရွာနှင့် နောင်တောင်ကျေးရွာခြင်းဆက်လမ်း ကွန်ကရစ်ခင်းလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များက မြစ်ကြီးနားမြို့နယ် ပညာရေး ကောလိပ်လေ့ကျင့်ရေးအလယ်တန်းကျောင်းဝန်းအတွင်း၌…