ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား ဇွန် ၁၆ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ဇွန် ၁၆ ရက် မွန်းလွဲပိုင်း တွင် ပြည်နယ်အားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ဇွန် ၁၅ ရက်မှ စတင်၍ အပြည် ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အသင်းပေါင်း(၇)သင်းဖြင့် ကျင်းပခဲ့သော ပိုက်ကျော်ခြင်းပြိုင်ပွဲ တွင် ပထမ၊ဒုတိယနှင့်တတိယဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ တက်ရောက်အား ပေးခဲ့ကြသည်။ ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ဒိုင်လူကြီးများနှင့် ပြည်…