ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၅ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပိုမိုထိ ရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊လူမှုရေးအသင်းအဖွဲ့အသီးသီးနှင့်ပူးပေါင်းချိတ်ဆက်ဆောင် ရွက်မှု အားကောင်းခိုင်မာလာစေရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီက ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ လူမှုရေး အသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များ၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ကော်မတီဝင် များနှင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်း များမှ တာဝန်ရှိသူများက အသီးသီးမိတ်ဆက်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်အတွင်း ရောဂါ ပိုးတွေ့ရှိသူ…