ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်မှု များတွင် ICRC မှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၁၆ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက် မှုများတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ NGO ၊ INGO အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီခွဲတွင် ICRC (အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ)နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့နှင့် ICRC မှ ကချင်ပြည်နယ်တာဝန်ခံ Ms.Paola Mermati နှင့် တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ Quarantine Centre များ ၊ Islonation Centre များတွင်…