ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား သြဂုတ် ၁၅ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ် ဆေးထိုးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရှိန်အဟုန်မပျက် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို သြဂုတ် ၁၅ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇအသစ် များ ထပ်မံကူးစက်ဖြစ်ပွားဖြစ်ပွားလျက်ရှိနေသည့်အတွက် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်ကိုဗစ်-၁၉…