နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံ မြေနေရာနှင့် ဌာနဆိုင်ရာလျာထားမြေနေရာများအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇန်နဝါရီ ၈ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်သည် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့်အတူ ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ဌာနဆိုင်ရာလျာထားမြေနေရာများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် နှင့်အတူ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်၊ OSS-၁၂၁/ ၁က၊ ပိတောင်ကွင်း၌ မြစ်ကြီးနားမြို့တွင် အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းမြေနေရာ၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာနှင့် ဌာနဆိုင်ရာ လျာထားမြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး…