(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် မနောအကနှင့်အတူ ဒေသထုတ်ကုန် ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်
မြစ်ကြီးနား ဒီဇင်ဘာ ၃၀ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ကချင်ပြည်နယ်နေ့ တွင် သဝဏ်လွှာဖတ်ပွဲ၊ မနောအကနှင့်အတူ ဒေသထုတ်ကုန်ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲ များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင် ကျင်းပသည့် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။ အဆိုပါ လုပ်ငန်းအစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကို ယခင်နှစ်က တွေ့ကြုံခဲ့သည့် အားနည်းချက်/ အားသာချက်များအပေါ် ဆပ်ကော်မတီအသီးသီး အနေဖြင့် လေ့လာသုံးသပ်ပြီး ယခုနှစ်တွင် ပိုမိုကောင်းမွန်စွာ၊…