ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ဖော်ဆောင်ပေး နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၂ ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ဖော်ဆောင်ပေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့နှင့် လုပ်ငန်းရှင်များအကြား လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့အေဂျင်စီအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူ ရေးကုန်ထုတ်မှုများကို လုပ်ကိုင်ဆောင်ရွက်နေကြသည့်MSME လုပ်ငန်းများစွာရှိနေပါကြောင်း၊အထူး သဖြင့် ဒေသထွက် စားသောက်ကုန်လုပ်ငန်းများနှင့် ရိုးရာအဝတ်အထည်လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေကြသည်ကိုတွေ့ရှိရပါကြောင်း၊…