နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက်သော ကျေးရွာများနေ ရေလုပ်သားတောင်သူများအတွက် မတည်ငွေများ လွှဲပြောင်းပေးအပ်
မြစ်ကြီးနား ဒီဇင်ဘာ ၉ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာကော်မတီများထံ ငါးလုပ်ငန်းဦးစီးဌာနမှ မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်က နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ် လုပ်မှုများ တိုးမြှင့်နိုင်ရေးအတွက် ရင်းနှီးမတည်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြော ကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက်မည့် မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နယ်မြေ (၆)နှင့် ခေါင်ဖူးကျေးရွာဟောင်း ကျေးရွာတွင် ရေလုပ်ငန်းလုပ်ကိုင်သူ (၈၀)ဦးတို့အား တစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း…