ကချင်ပြည်နယ်ဝန်ကြီးချုပ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေး
မြစ်ကြီးနား ဇူလိုင် ၂၅ မိုးစံပါးစိုက်တောင်သူများအတွက် လုပ်အားခသက်သာစေပြီး ဝင်ငွေတိုးပွားလာခြင်း၊ မျိုးစေ့ ကုန်ကျမှုနည်းပါးခြင်း၊ လုပ်သားရှားပါးမှု အခက်အခဲများ လျှော့ချနိုင်စေခြင်းနှင့် လုပ်ငန်းတွင်ကျယ် စေခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်စေရန်အတွက် ကချင်ပြည်နယ်စက်မှုလယ်ယာ ဦးစီး ဌာန၊ အမှတ် (၇၉)စက်မှုလယ်ယာစခန်း(မြစ်ကြီးနား)မှ ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ အခမ်းအနားကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန် ရပ်ကွက်ရှိ စံပြစိုက်ကွက် ဧက (၁၀၀)ကွင်းအတွင်း ကျင်းပပြုလုပ်သည်။ အဆိုပါ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည် နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ရာ…