(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သွားရောက်ပါဝင်ဆင်နွှဲကြမည့် ကချင်ပြည်နယ်ကိုယ်စားပြုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား အောင်မြင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်
မြစ်ကြီးနား ဖေဖော်ဝါရီ ၃ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် နေပြည်တော်၌ ကျင်းပမည့် အခမ်းအနား များသို့ ကချင်ပြည်နယ်ကိုယ်စားပြုသွားရောက်ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များအား အောင်မြင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ် စိန်ရတု ပြည်ထောင်စု နေ့ကို ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စု၏ တန်ဖိုး၊ အနှစ်သာရကို ပေါ်လွင်အောင် နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လူငယ်၊ မောင်မယ် တိုင်းရင်းသားများ အနေဖြင့် ဘိုးဘွားများ ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုကြီးအပေါ် မိမိတို့စိတ် နှလုံးသားထဲတွင် အောက်မေ့သတိရပြီး ပြည်ထောင်စုအမွေကို လက်ဆင့်ကမ်းသည့်အနေဖြင့် ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင်…