မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်နှင့် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပပြုလုပ်နိုင်ရေးနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ် (ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ သတ်မှတ်ချိန်ပြီးစီးအောင်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား နိုဝင်ဘာ ၆ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယခုလအတွင်း ကျင်းပပြုလုပ်သွားမည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်နှင့် ဌာနေတိုင်းရင်းသားမျိုးနွယ်စုများနှင့် လူမျိုးပေါင်းစုံပါဝင်သည့် ရိုးရာယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာကောက်သစ်စားပွဲကို နှစ်စဉ်ရိုးရာအစဉ် အလာနှင့်အညီ အားလုံးပါဝင်ပြီး အနှစ်သာရရှိရှိ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်သည့်အပြင် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲကိုလည်း ဌာနေ တိုင်းရင်းသားမျိုးနွယ်စုများအပြင် အခြားသော တိုင်းရင်းသားများအားလုံးပါဝင်နိုင်ရေး စီစဉ်ဖိတ်ကြားပြီး မိမိတို့၏ရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်း၍ပိုမိုချစ်ခင်စည်းလုံးသော လူမှုအသိုက်အဝန်းဖြစ်ပေါ်လာစေရေး အဓိပ္ပါယ်ပြည့်ဝစွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူ များက မနောကွင်း မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်မည့်…