ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဆောင်၍ ဝိုင်းမော်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ကြေညာ ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းရှိ/မရှိနှင့်ဓာတ်သတ္တု (ရွှေ)အရောင်းဆိုင်များ ညွှန်ကြားချက်နှင့်အညီရောင်းချခြင်း ရှိ/ မရှိနှင့် ခတ်ချိုရွာတွင်း လမ်းများအဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား မတ် ၁၄ ကချင်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဖူလုံမှုရှိစေရေး၊ ခြိုးခြုံချွေတာနိုင်ရေးနှင့် အများပြည်သူစိုးရိမ်ကြောင့်ကြမှုမရှိစေရေး စနစ်တကျစီမံဆောင်ရွက်နိုင်ရေးနှင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား ထုတ်ပြန်ကြေညာချက်များ၊ ခွင့်ပြုချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားခြင်း ရှိ/မရှိတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ဝိုင်းမော် မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့နယ်အတွင်း မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီး နားလမ်းပေါ်ရှိ မိုင်းနားကျေးရွာအုပ်စုအတွင်း စက်သုံးဆီဆိုင်များဖြစ်သည့် ဟိန်းအောင်စက်သုံးဆီအရောင်းဆိုင်၊ နိုင်းစတားစက်သုံးဆီအရောင်းဆိုင်၊ King စက်သုံးဆီအရောင်ဆိုင်နှင့် တိုက်ဝါ စက်သုံးဆီဆိုင်အရောင်းဆိုင်တို့အား ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ စက်သုံးဆီပုံမှန်ရောင်းချနေမှုအခြေအနေများနှင့် သိုလှောင်ကန်များအတွင်းရှိ စက်သုံးဆီ လက်ကျန်များနှင့် Auto Tank Gauge (ATG)များအား စစ်ဆေးတိုင်းတာဆောင်ရွက်ခြင်း၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ပြည်သူများမလိုအပ်ဘဲ…