မြစ်ကြီးနားမြို့၌ (၂၈)ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဝတ်အသင်းများ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ် ဆုချီးမြှင့်ပွဲကျင်းပ
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မြစ်ကြီးနားမြို့နယ် ဗုဒ္ဓဘာသာသာသနာရေးရာအဖွဲ့ကကြီးမှူးကျင်းပသည့် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဝတ်အသင်းများ (၂၈)ကြိမ်မြောက် ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမာန်တော်၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ယခုလို ဗုဒ္ဓဒေသနာတော်ရွတ်ဆိုမှုရွေးချယ်ပွဲ ကျင်းပပေးခြင်းဖြင့် လူငယ်လူရွယ် ဗုဒ္ဓဘာသာဝင်လူငယ်တိုင်း ဘာသာတရားကို စိတ်ပါဝင်စာပြီး ဗုဒ္ဓ၏သွန်သင်ဆုံးမမှုများကို ခံယူကျင့်သုံးခြင်းဖြင့် ယဉ်ကျေးသိမ်မွေ့သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဗုဒ္ဓ၏တရားဒေသနာတော်များကို လိုက်နာကျင့်ကြံအားထုတ်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့စရိုက်ကို မြတ်နိုးထိန်းသိမ်းစောင့်ရှောက်တတ်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် မြစ်ကြီးနားမြို့နယ် ဗုဒ္ဓဘာသာသာသနာရေးရာအဖွဲ့ ဥက္ကဋ္ဌက သာသနာရေးရာအဖွဲ့၏ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး…