အကြီးကိုကိုစာကြည့်တိုက် (၁၆) ဖွင့်ပွဲသို့ တက်ရောက်
မြစ်ကြီးနား အောက်တိုဘာ ၂၄ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ နယ်မြေ (၆)အတွင်းရှိ မနောမြေပညာရေးစင်တာအတွင်း ဖွင့်လှစ်သည့် အကြီးကိုကို စာကြည့်တိုက် (၁၆) ဖွင့်ပွဲသို့ တက်ရောက်ရာ ကျောင်းသား/ ကျောင်းသူများနှင့် ဘင်ခရာအဖွဲ့တို့ကို ကြိုဆိုဂုဏ်ပြုကြသည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို စင်တာအတွင်း ကျင်းပပြုလုပ်ရာ ကျောင်းသား/ ကျောင်းသူလေးများက ဂျိမ်းဖောတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများ စာပေကို ဖတ်ရှုလေ့လာသည့် အလေ့အထကျောင်းများ ဖြစ်ပေါ်ထွန်းကားလာစေရေး စာကြည့်တိုက်များ ပြန်လည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ယခုလို စာကြည့်တိုက်ဖွင့်လှစ်ပေးသည့် အကြီးကိုကိုအား ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် လူငယ်များအနေဖြင့်လည်း စာပေ၏တန်ဖိုးကိုနည်းလည်ပြီး စာပေက ရသည့်အတွေး အခေါ်အသိပညာဗဟုသုတများကို လက်တွေ့ဘဝနယ်ပယ်တွင် အသုံးပြုခြင်းဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း…