ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ ကချင်ပြည် နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲအကြား နားလည်မှုစာချွန်လွှာစိစစ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၈ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသန္တရစီမံကိန်းကို ပြည်နယ်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်၍ စနစ်တကျအကောင်အထည်ဖော်ရန် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန် နီးကပ်လာပြီဖြစ်သဖြင့် ဥပဒေပါလျာထားစီမံကိန်းများအား အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေးနှင့် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန် ကြားချက် လုပ်ထုံးလုပ်နည်းများနှင်အညီ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။ ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ…