မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ဧရာဝတီမြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ၊ ပညာရှင်များ၊ သာသာရေးအဖွဲ့အစည်းများနှင့် လူငယ်များ၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူငယ်များနှင့် တွေ့ဆုံဆွေးနွေး၊ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်ရေးအတွက် သဲသောင်ရှင်းလင်းရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇန်နဝါရီ ၃၀ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်များ၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ ပညာရှင်များက မြစ်ကြီးနားမြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့်ဘာသာရေး အဖွဲ့အစည်းများမှ လူငယ်များ၊ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံလူငယ်များအား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသခံတိုင်းရင်းသားများနှင့် မိဘပြည်သူများအနေဖြင့် ယနေ့ မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အဓိကကျပြီး အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင်ရရှိရေးသည် အရေးကြီးဆုံးဖြစ်ကြောင်းကို အားလုံးက သိရှိနားလည်ထားပြီးဖြစ်ပါကြောင်း၊ ယနေ့ ဖွံ့ဖြိုးတိုးတက်နေသော ကမ္ဘာ့နိုင်ငံကြီးများတွင် လျှပ်စစ်စွမ်းအင်အတွက် ရေအားလျှပ်စစ်စီမံကိန်းများကို တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍…