ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မန္တလေးမြို့ရှိ ဗန်းမော်ခရိုင်အတွင်းမှ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
မန္တလေး အောက်တိုဘာ ၉ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၉) ကျောင်းမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအတွင်း ယာယီသီတင်းသုံး နေထိုင်တော်မူလျက်ရှိသော ဗန်းမော်မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များအား အောက်တိုဘာလ ၉ရက်နေ့ နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင် ခြေရှိစိတ္တသုခကျောင်းတိုက်၊စိတ္တသုခဗိမ္မာန်တော်တွင် နဝကမ္မအလှူငွေနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ကျင်းပခဲ့သည်။ အခမ်းအနားသို့ မန္တလေးတောင်ခြေ၊ စိတ္တသုခကျောင်းတိုက်ဆရာတော် ဦးဣန္ဒက၊ ဗန်းမော်မြို့နယ် သံဃာ့နာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် ဦးကေသဝအမှူးပြုသော ပင့်သံဃာများ၊ ဗန်းမော်ခရိုင်အတွင်းရှိကျောင်းတိုက် (၁၉) တိုက်မှ ကျောင်းထိုင်ဆရာတော်များနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များထံမှ တက်ရောက်လာကြသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်း သားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဇနီး သုဓမ္မသိင်္ဂီ ဒေါ်သွဲ့လေးအောင်၊…