ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈) နှစ်မြောက် ကချင် ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းအတွက် ပါဝင်ကူညီဆောင်ရွက်သူများအား အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်၊ နယ်မြေအခြေအနေအရ တာဝန်ကျမြို့နယ်အသီးသီးမှ ယာယီတိမ်းရှောင်လာသော အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇန်နဝါရီ ၂၂ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီနှင့် အယ်ဒီတာအဖွဲ့တို့အား ပြည်နယ်အစိုးရအဖွဲ့က အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းကို ဒေသ၏သမိုင်းနှင့်မှတ်တမ်းများ စုစည်းဖော်ပြနိုင်သည်မှာ (၇၄) နှစ်မြောက်မှ ယခုနှစ် (၇၈)နှစ်မြောက်အထိ (၅)နှစ်တိုင် တစ်နှစ်ထက်တစ်နှစ် အကောင်းဆုံးဖြစ်အောင် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ မဂ္ဂဇင်းစာအုပ်အပြင် ပြက္ခဒိန်နှင့် ဒိုင်ယာရီစာအုပ်များကိုလည်း အချိန်မီပြီးစီးအောင် စိတ်အားထက်သန်စွာပါဝင်၍ အပင်ပန်းခံဆောင်ရွက်နိုင်ခဲ့ကြသည့် အတွက် ကော်မတီအဖွဲ့ဝင်များနှင့် အယ်ဒီတာအဖွဲ့များကို ပြည်နယ်အစိုးရအဖွဲ့က အထူးကျေးဇူးတင်ရှိသည့်အနေဖြင့် ယခုလို…