ကချင်ပြည်နယ်အတွင်းရှိ ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် MSME လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ (၇၈) နှစ်မြောက် ကချင်ပြည်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် အားနည်းချက်/အားသာချက်များအား ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇန်နဝါရီ ၁၂ ကချင်ပြည်နယ်အတွင်းရှိ ထုတ်ကုန်များ ဈေးကွက်ရရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် သဘာဝအရင်းအမြစ်ပေါကြွယ်ဝပြီး လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်များဖြင့် စားသောက်ကုန်များ၊ လက်မှုထုတ်ကုန်များအပါအဝင် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သည့် အလားအလာများစွာရှိသော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံနှင့်ထိစပ်နေသည့်အတွက် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်းရှိသော ပြည်နယ်ဖြစ်သည်ကို အားလုံးကသိရှိထားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် အရည်အသွေးမီ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ထုတ်ကုန်များ တန်ဖိုးမြှင့်တင် ထုပ်ပိုးမှုနှင့် အမှတ်တံဆိပ်တည်ဆောက်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို စနစ်တကျဆောင်ရွက်လိုအပ်လျက်ရှိပါကြောင်း၊…