ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အအုံသစ် နှင့်ရေကြည်ချောင်းရေထိန်းတံခါးတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ယာယီတိမ်းရှောင်ပြည်သူများအား သွားရောက်ထောက်ပံ့
မြစ်ကြီးနား ဇန်နဝါရီ ၂ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ထူးဆောင်ဆု၊ ဆုတံဆိပ်နှင့် ဆုပစ္စည်းများ အပ်နှင်းပွဲ၊ မနောပွဲအကဖြင့် စုပေါင်းဆင်နွှဲနိုင်ရေးစသည့် အထိမ်းအမှတ်အခမ်းအနားများ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဇန်နဝါရီ ၁၀ ရက်နေ့ ကချင်ပြည်နယ်နေ့ မတိုင်မီ ကျင်းပပြုလုပ်သွားမည့် ပြည်နယ်နေ့ ဂုဏ်ပြုအခမ်းအနားအစီအစဉ်များ၊ ဇန်နဝါရီ ၉ ရက်နေ့တွင် ပြည်နယ်နေ့အထိမ်းအမှတ်အောင်မြင်ခြင်း မနောအကစုပေါင်းဆင်နွှဲနိုင်ရေးအတွက် မနောကွင်းဖွင့်ပွဲနှင့် မနောအကစုပေါင်းဆင်နွှဲသွားမည့် အစီအစဉ်များ၊ MSME ပြခန်းများ…