ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်တံတား အောက်ဘက် ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးအတွက် သဲသောင်တူးဖော်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ (မူကြမ်း)ပါ အချက်များနှင့်စပ်လျဉ်း၍ဆွေးနွေး၊ ကချင်မျိုးနွယ်စု(၆)မျိုး၏ တိုင်းရင်းသားဝတ်စုံ သတ်မှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မတ် ၂၈ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောက်စီရေထိန်းနံရံ၊ ရေလျှံတားနံရံများ၊ ရေထိန်းတံခါးများနှင့် မြစ်ကြောင်း ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစီမံကိန်းများအနက် ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်းကို ပြည်နယ်အစီအစဉ်ဖြင့် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၂၈ ရက် နံနက်ပိုင်း က ဗလမင်းထင်တံတားအောက်ဘက်ရှိ သဲသောင်ရှင်းလင်းရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ဗလမင်းထင်အမှတ် (၂) တံတားတည်ဆောက်ရေးစီမံကိန်းနေရာမှ တစ်ဆင့် သဲကျောက်ကားများ ဖြတ်သန်းသွားလာမှု အခြေအနေများကို လည်းကောင်း၊ တံတားသစ်တည်ဆောက်ရေးအတွက် ရေလယ်တိုင်များ (RP-3 , RP-4, RP-5) များ တည်ဆောက်နေမှုအခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး…