ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်၏ အရှေ့၊ အနောက် မြစ်ရိုးတစ်လျှောက် (၅)မိုင်အတွင်း နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် တစ်နှစ်ပတ်လုံး သီးနှံများ နှစ်သီး/ သုံးသီး စိုက်ပျိုးနိုင်ရေး စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇန်နဝါရိ ၁၆ ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့နှင့် အနောက် မြစ်ရိုးတစ်လျှောက် (၅)မိုင် အတွင်း နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် တစ်နှစ်ပတ်လုံး သီးနှံများ နှစ်သီး/ သုံးသီး စိုက်ပျိုးနိုင်ရေး၊ မြစ် ရေတင် လုပ်ငန်းများ စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့သို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဖြင့် စီမံချက်ရေးဆွဲ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီ၏ အရှေ့နှင့်အနောက် မြစ်ရိုးတစ်လျှောက် (၅)မိုင်အတွင်း တစ်နှစ်ပတ်လုံး…