ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံပျက်စီး ဆုံးရှုံးခဲ့သည့် တောင်သူများနှင့် မိုးတွင်းကာလစားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသော ဒေသ(၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာများ ထောက်ပံ့
မြစ်ကြီးနား သြဂုတ် ၃၀ ကချင်ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော တီယန်ဇွပ်ကျေးရွာအုပ်စုနှင့် အင်ဂျစ်ကျေးရွာအုပ်စုများမှ တောင်သူများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးတွင်းကာလစားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေသည့် ဒေသ (၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ(၁)လစာတန်ဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို ယနေ့ နံနက် (၉)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ် အတွင်း ပြည်သူများ အခက်အခဲဒုက္ခကြီးကြီးငယ်ငယ်ကျရောက်ပါက မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးကူညီထောက်ပံ့ပေးရမည်ဖြစ်ပါကြောင်း၊ ကြွက်ဘေးအန္တရာယ်သည် ၁၉၇၇ ခုနှစ်တွင် တစ် ကြိမ်ကျရောက်ခဲ့ပြီး ယခု တီယန်ဇွပ်နှင့် အင်ဂျစ်ကျေးရွာတွင် ကျရောက်ခဲ့သည့်အတွက် တောင်ယာ စပါးနှင့် ငရုတ်စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယနေ့ အခမ်းအနားတွင်…