ဦးတင်အောင် (ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)
အမည် – ဦးတင်အောင် လူမျိုး/ဘာသာ- ရှမ်း/ ဗုဒ္ဓ ပညာအရည်အချင်း- B.Ed (Physics, Maths) စတင်တာဝန်ထမ်းဆောင်သည့်နေ့- ၁၁ – ၄- ၂၀၂၆
အမည် – ဦးတင်အောင် လူမျိုး/ဘာသာ- ရှမ်း/ ဗုဒ္ဓ ပညာအရည်အချင်း- B.Ed (Physics, Maths) စတင်တာဝန်ထမ်းဆောင်သည့်နေ့- ၁၁ – ၄- ၂၀၂၆
အမည် – ဦးစိုးသိန်း လူမျိုး/ဘာသာ- ဗမာ/ ဗုဒ္ဓ ပညာအရည်အချင်း- B.A (History) စတင်တာဝန်ထမ်းဆောင်သည့်နေ့- ၁၀ – ၄- ၂၀၂၆
အမည် – ဒေါက်တာသန်းဌေးအောင် လူမျိုး/ဘာသာ- ကချင်/ ခရစ်ယာန် (RC) ပညာအရည်အချင်း- B.A (D.S.A), M.A, Ph.D (Myanmar), Dip in CGSC (Defence Studies) စတင်တာဝန်ထမ်းဆောင်သည့်နေ့- ၁၀ – ၄- ၂၀၂၆
အမည် – ဒေါက်တာအောင်ဝင်း လူမျိုး/ဘာသာ- ဗမာ/ ဗုဒ္ဓ ပညာအရည်အချင်း- Ph.D (Geol)၊ ပါရဂူဘွဲ့ (ဘူမိဗေဒ) စတင်တာဝန်ထမ်းဆောင်သည့်နေ့- ၁၀ – ၄- ၂၀၂၆
မြစ်ကြီးနား ဧပြီ ၈ ၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ တစ်မူထူးခြား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး လမ်းလျှောက်သင်္ကြန်ပွဲတော်များကို နေရာ (၃)နေရာဖြင့် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်သည့်အပြင် မဟိုမဏ္ဍပ်၌ ယိမ်းအက ပြိုင်ပွဲများအား ရိုးရာယဉ်ကျေးမှုနှင့်အညီ ထည့်သွင်းကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။ သို့ဖြစ်ပါ၍ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲအား ယိမ်းအကပြိုင်ပွဲကျင်းပရေးကော်မတီအနေဖြင့် ကိုယ်ပိုင်စာသား/ ကိုယ်ပိုင်အဆို/ ကိုယ်ပိုင်အတီးဖြင့်လည်းကောင်း၊ ကိုယ်ပိုင်စာသား/ စီဒီဖြင့်လည်းကောင်း၊ စီဒီတေးသီချင်းဖြင့် လည်းကောင်း ပြိုင်ပွဲအမျိုးအစား (၃)မျိုးဖြင့် ကျင်းပပြုလုပ်သွားရာ ပြိုင်ပွဲဝင်ဝန်ကြီးဌာနများ၏ ယိမ်းအဖွဲ့များနှင့် ရပ်ကွက်ယိမ်းအဖွဲ့များအနေဖြင့် သက်ဆိုင် ရာနေရာအသီးသီးတွင် ယိမ်းအကများကို လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့များအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်း၌လည်းကောင်း၊…
မြစ်ကြီးနား ဧပြီ ၈ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁)၊ အိမ်အမှတ်(၄၁)တွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ဓာတ်ဆီဘောက်ဆာတွဲကားမှ အခြားဆီတိုင်ကီအတွင်းသို့ စက်ဖြင့်ဆီလှယ်ရာ ပိုက်ဆက်ပြုတ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁)၊ အိမ်အမှတ်(၄၁)၊ ဦးမြင့်ဇော်ပိုင်ဆိုင်သော ခြံဝင်းတွင် ငှားရမ်းလုပ်ကိုင်သူသည် ခြံဝင်းအတွင်းရှိ ဓာတ်ဆီဘောက်ဆာတွဲကားမှ အခြားဆီတိုင်ကီအတွင်းသို့ စက်ဖြင့်ဆီလှယ်ရာပိုက်ဆက်ပြုတ်၍ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့မှုကြောင်း တွဲကားဘောက်ဆာ (၁)စီး၊ ဓာတ်ဆီပေပါ (၁၂) လုံး၊ (၃၀ x၃၀) ပေရှိ သွပ်မိုး၊ အုပ်ညှပ်၊ မြေစိုက် (၁)ထပ်နှင့်(၃၀ x၂၀)ပေရှိ သွပ်မိုး၊ အထပ်သားကာ၊ မြေစိုက်(၁)ထပ် စုစုပေါင်းအဆောက်အဦ (၂)လုံး၊ စုစုပေါင်းမီးလောင်ဆုံးရှုံးမှု တန်းဖိုးငွေကျပ် (၄၅၀၀၀၀၀၀) ခန့်ရှိကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိမှု/ သေဆုံးမှုမရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။ …
မြစ်ကြီးနား ဧပြီ ၇ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးရှိသည့်အနက် ၄၅ ဦးလုံး တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကချင်ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက ဝန်ကြီးဌာနခုနှစ်ခု၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ အဆိုပြုတင်သွင်းလာမှုအပေါ် လွှတ်တော်ကဆွေးနွေးနိုင်ရေး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။ ထို့အတူ ကချင်ပြည်နယ်ဥပဒေချုပ်၊ ကချင်ပြည်နယ်စာရင်းစစ်ချုပ်တို့အား ခန့်အပ်တာဝန်ပေးနိုင်ရန်…
မြစ်ကြီးနား ဧပြီ ၆ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံတင်မြှောက်ခံထားရသူက ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုအမည်စာရင်းတင်သွင်းလာသူ မြစ်ကြီးနားမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်အား လွှတ်တော်က ခန့်အပ် တာဝန်ပေးရန် အတည်ပြုကြောင်းဆုံးဖြတ်ခဲ့ကြသည်။ ရှေးဦးစွာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၄၅)ဦးအနက် (၄၅)ဦးလုံး တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ၏ ကချင်ပြည်နယ်ဝန်ကြီးဌာန အရေအတွက်(၇)ခု၊ ကချင်ပြည်နယ်ဝန်ကြီးဦးရေ(၇)ဦးနှင့် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးဦးရေ (၃)ဦးတို့အား သတ်မှတ်နိုင်ရေး အဆိုပြုချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြကာ…
မြစ်ကြီးနား ဧပြီ ၄ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က PDF အမည်ခံ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေများ ထောက်ပံ့ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် လူငယ် (၈)ဦးတို့အား ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ ထို့အပြင် လိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အလင်းဝင်ရောက်လာသည့် လူငယ်များအနေဖြင့် မိမိတို့နေထိုင်ရာဒေသအသီးသီးသို့ ပြန်လည်နေ ထိုင်၍ မိသားစုကို ကောင်းမွန်စွာလုပ်ကျွေးပြုစုကြရန်၊ သက်မွေးဝမ်းကြောင်းပညာရပ်များကို ဆက်လက်သင်ကြား၍ အစိုးရသစ်နှင့်အတူ နိုင်ငံနှင့်လူမျိုး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ကြစေလိုကြောင်း အားပေးပြောကြားသည်။ ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး…
မြစ်ကြီးနား ဧပြီ ၆ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအနေဖြင့် ပြည်သူလူထုတွေ့ဆုံရှင်းလင်းပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက် ဧဝံဂေလိဓမ္မကောလိပ်ရှိ ဂျူဗလီခန်း၌ (၁၃)ကြိမ်မြောက်အဖြစ် ဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းခဲ့ကြသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ခရစ်ယာန်အသင်းတော်အသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ၊ တက်ရောက်ခဲ့ကြပြီး ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာအောင်ဝင်း၊ ဦးထွန်းထွန်းလှိုင်၊ ဦးမုန်ရိန်လ၊ ဦးနော်ထွဲနှင့် ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စီမံကိန်းနှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာပညာရှင်များ၏ လေ့လာတွေ့ရှိမှုများ၊ ဘူမီဗေဒဆိုင်ရာ တွေ့ရှိချက်များ၊ ကမ္ဘာ့ရေကာတာကြီးများအကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိမှုနှင့်…