မဟာသင်္ကြန်အကြတ်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များတွင် သင်္ကြန်ချစ်သူများဖြင့် ယခင်နေ့များထက် ပိုမိုအေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ

မြစ်ကြီးနား     ဧပြီ ၁၅           ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော် အကြတ်နေ့ ယနေ့ ဧပြီ ၁၅ ရက်တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသည့် နေရာများနှင့် မြို့ပေါ်ရပ်ကွက်များ၊ ပန်းခြံများတွင် လှည့်လည်သွားလာသူများ၊ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။           အဆိုပါ သင်္ကြန်ပွဲတော်တွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်၊ ဗဟိုမဏ္ဍ့ပ်တည်ရှိရာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အထူးစည်ကားလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်၍ သင်္ကြန်ချစ်သူများနှင့်အတူ ပျော်ရွှင်စွာ အတာရေသဘင်ကို ဆင်နွှဲခဲ့ကြသည်။…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ဖွင့်လှစ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်အပါအဝင် တပ်နယ်ရေကစားမဏ္ဍပ်များအား ကြည့်ရှုအားပေး၊ မဟာသင်္ကြန်အကျနေ့တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင် ဒေသခံပြည်သူများနှင့်အတူ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိ

မြစ်ကြီးနား ဧပြီ ၁၄           ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို (သင်္ကြန်အကျနေ့) ယနေ့ နံနက် ၉ နာရီက လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူအများအပြား ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။           အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့မှ ဆမားလမ်းဆုံ(ကျောက်စိမ်းတုံးမီးပွိုင့်) အထိ အရှည်ပေ ၉၀၀ ကျော်အတွင်း ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ယိမ်းအကအဖွဲ့ များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။           ဆက်လက်၍ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊…

Read Full News

မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ စုပေါင်း၍ ရှမ်းရိုးရာ ဓလေ့နှင့်အညီ ရှမ်းသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၁၃           ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို ရှမ်း တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ဘိုးဘွားဂါရဝပြုကန်တော့ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားအား ရေစင်သွန်းလောင်းပူဇော်ခြင်းနှင့် ရေကစားခြင်းများကို ယနေ့ ဧပြီ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီက မြစ်ကြီးနားမြို့ နောင်ခမ်းရှမ်းရွာအတွင်းရှိ ကံသာရာမကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။           အဆိုပါ ရှမ်းရိုးရာသင်္ကြန် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများဖြစ်ကြသည့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးတင်အောင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးလီပေါ်ရဲ့ နှင့် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမယစ်ယောရှုတို့က ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စားတက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၅)မျိုးမှ လူငယ်အကအဖွဲ့များနှင့်အတူ ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင် အောင်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများက…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဒေသခံပြည်သူများနှင့်အတူ ရိုးရာအစဉ်အလာအတိုင်း  စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်

မြစ်ကြီးနား ဧပြီ ၁၃           မြန်မာတို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံနှင့်တဝန်း ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၌လည်း ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် ညနေ ၃ နာရီက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပမည့် ဗဟိုမဏ္ဍပ်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၁၁)ဖွဲ့နှင့် ဒေသခံပြည်သူအများအပြားတက်ရောက်ခဲ့ရာ အခမ်းအနားမှူးက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဆင်နွှဲရခြင်း၏ အဓိပ္ပါယ်နှင့်အနှစ်သာရကို ရှင်းလင်းဖတ်ကြားရာ ပုဂံဝင်းအဖွဲ့က ပုဂံခေတ်သင်္ကြန်၏ သရုပ်ဖော်ပုံကို ပြသခဲ့ကြသည်။ ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်…

Read Full News

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ၂၀၂၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပပြုလုပ်နိုင်‌ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၂           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဧပြီ ၁၂ ရက် ညနေပိုင်းက ဧပြီ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သင်္ကြန်ပွဲတော် ကျင်းပရေး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၃ ရက် ညနေပိုင်းတွင် ဖွင့်ပွဲကျင်းပနိုင်ရေး ယိမ်းအဖွဲ့များ နေရာချထားမှု၊ ဖဲကြိုးဖွင့်လှစ်သွားမည့် အစီအစဉ်များနှင့် ဖွင့်ပွဲလုပ်ငန်းစဉ်အတိုင်း အစုအဖွဲ့ဖြင့် လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်နှင့် လစ်ဟာမှုများမရှိစေရေး ဆပ်ကော်မတီအဖွဲ့ဝင်…

Read Full News

မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ကလပ်အသင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား ဧပြီ ၁၂           ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၈)နှစ်အောက် ကလပ်အသင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ မတ်လ ၂၅ ရက်က စတင်ကျင်းပပြုလုပ်ရာ ယနေ့ ညနေ ၃ နာရီ တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် နောင်နန်းအသင်းနှင့် လဝမ် FC အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာများမှ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ နောင်နန်းအသင်းက ပယ်နယ်သီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲသည်။           ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုဆက်လက်ကျင်းပပြုလုပ်ရာ…

Read Full News

ဦးရဲရင့်ဆွေ (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး)

အမည် – ဦးရဲရင့်ဆွေ လူမျိုး/ဘာသာ- ဗမာ/ ဗုဒ္ဓ ပညာအရည်အချင်း- B.A (English) စတင်တာဝန်ထမ်းဆောင်သည့်နေ့- ၁၀ – ၄- ၂၀၂၆

Read Full News

ဦးအောင်နိုင် (လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)

အမည် – ဦးအောင်နိုင် လူမျိုး/ဘာသာ- ဗမာ/ဗုဒ္ဓ ပညာအရည်အချင်း- B.Sc (Zoology) စတင်တာဝန်ထမ်းဆောင်သည့်နေ့- ၁၀ – ၄- ၂၀၂၆

Read Full News

ဦးကျော်မင်းခိုင် (လူမှုရေးရာဝန်ကြီး)

အမည် – ဦးကျော်မင်းခိုင် လူမျိုး/ဘာသာ- ရှမ်းဗမာ/ ဗုဒ္ဓ ပညာအရည်အချင်း- B.Sc(Zoology) စတင်တာဝန်ထမ်းဆောင်သည့်နေ့- ၁၀ – ၄- ၂၀၂၆

Read Full News

ဦးချန်တန်ခင် (စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး)

အမည် – ဦးချန်တန်ခင် လူမျိုး/ဘာသာ- ရဝမ်/ခရစ်ယာန် ပညာအရည်အချင်း- LL.B, DLD, Dip in Youth Administration (PRC) စတင်တာဝန်ထမ်းဆောင်သည့်နေ့- ၁၀ – ၄- ၂၀၂၆

Read Full News